သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း

စက်မှုသင်တန်းကျောင်း (မန္တလေး)အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို The China-aided Upgrading of No.2 Industrial Training Center (Mandalay) အမည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ International Economic Cooperation, Ministry of Commerce of the People’s   Republic of China မှ ပူးပေါင်း

ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ စီမံကိန်းကာလ (၂၆ လ) သတ်မှတ် ဆောင်ရွက်လျက်ရှိ ပါသည်။စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ZHONGMEI Engineering Group LTD မှ တင်ဒါတန်ဖိုး RMB 85 million ဖြင့် တင်ဒါအောင်မြင်ခဲ့ပါသည်။ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စက်ကိရိယာပစ္စည်းများ အသစ်ဝယ်ယူဖြည့်ဆည်းခြင်း၊ ပြုပြင်မွမ်းမံခြင်း နှင့် တပ်ဆင်မောင်းနှင်ခြင်းတို့ပါဝင်ပါသည်။ တည်ဆောက်ခြင်းအပိုင်းတွင် အလုပ်ရုံအသစ် (၁)ရုံ တည်ဆောက်ခြင်း၊ အလုပ်ရုံအဟောင်း (၃)ရုံ အား ပြုပြင်မွမ်းမံခြင်း နှင့် ပင်မဆောင်ရှိ ကွန်ပျူတာခန်းများမွမ်းမံခြင်း တို့ပါဝင်ပါသည်။

သင်တန်းကျောင်းအား အဆင့်မြှင့်တင်ခြင်းခြင်း အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိခဲ့ပါသည် -

(၁)  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့သော update ဖြစ်သည့် စက်ပစ္စည်းကိရိယာများဖြင့် Capacity & Capability ပြည့်ဝစွာ သင်ကြားပို့ချပေးနိုင်မည် ဖြစ်သောကြောင့်  Course learning outcomes များ၏ Objective များ ပြည့်မီလာကာ သင်တန်းသား/သူများ၏ လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည် မြင့်တက်လာနိုင်ခြင်း။

(၂)  Upgrade Plan တွင် သင်တန်းနည်းပြများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စက်မှုနှင့်သက်မွေး ပညာ ကောလိပ်တွင် ဖွင့်လှစ်သင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းနှင့် Long term technical support program များ ပါဝင်ပြီး ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ရှည်ကြာစွာ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ သင်တန်းနည်းပြများ၏ Skill အား မြှင့်တင် ပေးနိုင် မည့် အခွင့်အလမ်းကောင်းများ ရရှိခြင်း။

(၃)  လက်ရှိသင်ကြားပေးနေသော ဘာသာရပ်(၄)ခုအပြင် ဘာသာရပ် (၂)ခုဖြစ်သည့် Air conditioning and Refrigerator Technician Course နှင့် Automobile and Tractor Mechanics Course တို့အား ခေတ်ကာလ လိုအပ်ချက်နှင့်အညီ ထပ်မံ၍တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနိုင်မည် ဖြစ်သောကြောင့် လူငယ် များအတွက် နည်းပညာဆိုင်ရာ လေ့လာမှုအခွင့်အလမ်းများ ရရှိလာနိုင်ခြင်း။

(၄) သင်တန်းကျောင်းရှိ စက်ပစ္စည်း၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ခြင်းဖြင့် Industry 4.0 ကို အသုံးပြုနေသည့် တိုးတက်သည့် နိုင်ငံများနှင့် နည်းပညာကွာဟမှု နည်းပါးစေနိုင်ခြင်း။

(၅)  သင်ကြားရေးဆိုင်ရာ အလုပ်ရုံများနှင့် စက်ပစ္စည်းကိရိယာများ မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်း အသစ် ပြန်လည် ဖြည့်ဆည်းခြင်းများကြောင့် ခေတ်နှင့်လျော်ညီသော စက်ပစ္စည်းများ နည်းပညာအသစ်များအား ရရှိအသုံးပြုနိုင်သော အခွင့်အလမ်းကောင်းများရရှိခြင်း။

(၆)  အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ခြင်းမှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပိုမိုရင်းနှီး ချစ်ကြည်လာပြီး ခိုင်မြဲသောဆက်ဆံရေး တိုးမြှင့်တည်ဆောက်လာနိုင်ခြင်း။

(၇)  သင်တန်းနည်းပြများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ToT Training များမှတစ်ဆင့် မိမိတို့ သင်တန်းကျောင်း၏ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ဆန်းစစ်လေ့လာခြင်း၊ Measurement & Evaluation ပြုလုပ်နိုင်ခြင်း၊ မိမိတို့သင်တန်းကျောင်းနှင့် ကိုက်ညီမှုရှိရန် Management Review & Modified ပြုလုပ် နိုင်ခြင်းတို့ဖြင့် Continual Improvement အတွက် များစွာအကျိုးရှိလာမည် ဖြစ်ပါသည်။