About Us

ကျောင်းသမိုင်း(အကျဉ်း)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ကို Institute of Planning and Project Research-IPPR Engineering International အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့် အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ (၂၉-၁၀-၂၀၀၈) ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ်(၁) သင်တန်းကို (၁၆-၁၀-၂၀၀၈)နေ့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနည်းပြ (၄၃)ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် (၅)လကြာ နည်းပညာသင်တန်းများ လေ့ကျင့်သင်ကြားခဲ့ပါသည်။

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)သည် တရုတ်ယွမ်ငွေ သန်း(၃၀)နှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၄၇၄၅.၈)ကျပ်သန်း ဖြင့်တည်ထောင်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် တည်ရှိပါသည်။ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်း(၆)မျိုးရှိပြီး သင်တန်းကာလမှာ (၁)နှစ်ဖြစ်ပါသည်။ သင်တန်းအမည်နှင့် သင်တန်းသားအရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

၁။ Machine Tool Operator Course - ၃၀ ဦး
၂။ CNC Operator Course - ၃၀ ဦး
၃။ Electrician Course - ၃၀ ဦး
၄။ Welder Course -  ၃၀ ဦး
၅။ Air Conditioning and Refrigerator Technician Course - ၃၀ ဦး
၆။ Automobile and Tractor Mechanics Course - ၃၀ ဦး
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်နေသည့် သင်တန်းကျောင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခန်းအနားကို ၈.၁၂.၂၀၂၁ ရက်နေ့တွင် အမှတ် (၂)စက်မှုသင်တန်းကျောင်း(မန္တလေး) ၌ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ ဒေါက်တာချာလီသန်း တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။ ၈.၄.၂၀၂၂ ရက်နေ့တွင် အလုပ်ရုံသစ် ဆောက်လုပ်မည့် မြေနေရာတွင် စက်ကြီးများဖြင့် မြေတူးခြင်း လုပ်ငန်း စတင်၍ ဆောက်လုပ်ရေး  လုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ပါသည်။